Skip to content

ဂျင်းကိုအသုံးပြုပြီး ဝိတ်ချလို့ရမယ့် နည်းလမ်း (၄) သွယ်

၁. ဂျင်းနှင့် သံပုယိုရည်
ဂျင်း၊ သံပုယိုရည် နှစ်မျိုးစလုံးမှာ အစာစားချင်စိတ်ကိုထိန်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိကြတယ်။
ဒီနှစ်မျိုးကိုသာတွဲဖက်စားသုံးမယ်ဆိုရင် တွေ့သမျှအစားအစာတွေကိုလျောက်မစားချင်တော့မှာအသေအချာပါပဲ။ ၀ိတ်ချဖို့အထောက်အကူဖြစ်ပါလိမ့်မယ်။

အသုံးပြုပုံ
ဂျင်းရည်ထဲကို သံပုယိုရည် ညစ်ထည့်ပါ။ တစ်နေ့ကို ၂ ကြိမ်မှ ၃ ကြိမ်အထိ သောက်ပေးပါ။ သို့မဟုတ် ဂျင်းနှင့် သံပုယိုရည်ကိုရောပြီး ရေထဲစိမ်သောက်လျှင်လည်းအဆင်ပါတယ်။

၂. ပန်းသီးရှာလကာရည်နှင့် ဂျင်း
ပန်းသီး ရှာလကာရည်ဟာ အရသာပြင်းတဲ့အတွက် သူ့ချည်းပဲသောက်ဖို့အဆင်မပြေတဲ့သူတွေအတွက် ဂျင်းနဲ့တွဲဖက်သောက်မယ်ဆိုရင် အရမ်းကို အဆင်ပြေလှပါတယ်။

အသုံးပြုပုံ
နှစ်မျိုးစလုံးကိုမွေစက်ထဲရောမွေပြီး သောက်သုံးလို့လည်းရသလို ပန်းသီးရှာလကာရည် လဖ္ဘက်ရည်ဇွန်း ၅ ဇွန်း ကို ဂျင်းရည်ထဲ ထည့်ပြီးသောက်သုံးရင်လည်းရပါတယ်။ တစ်နေ့ကို နှစ်ကြိမ်သောက်သုံးပေးပါ။

၃. Green Tea နှင့် ဂျင်း
Green Tea ဟာ ကျန်းမာရေးအတွက်ဘယ်လောက်ကောင်းလဲဆိုတာ သိပြီးကြလောက်ပြီပေါ့၊ ၀ိတ်လည်းကျတော့ ဂျင်းနဲ့သာတွဲဖက်သောက်သုံးမယ်ဆိုရင်ကတော့ လျင်မြန်စွာဝိတ်ကျစေမှာပဲဖြစ်ပါတယ်။

အသုံးပြုပုံကတော့
နှပ်နေတဲ့အချိန်မှာ ဂျင်းထည့်ပါ နှစ်ခုစလုံးရောနှပ်ပါ။ တစ်ရက်ကို နှစ်ကြိမ်သုံးကြိမ် သောက်သုံးနိုင်ပါတယ်။

၎. ဂျင်းဖျော်ရည်
ဂျင်းအရည်၊ ပျားရည်၊ သံပုယိုရည် တို့ကိုရောစပ်ပြီး ပြုလုပ်ရပါတယ်။
ဂျင်းအရည်ကြည့်ပဲလည်းသောက်သုံးလို့ရပါတယ်။
Three Stars ဿဿ မွ ဂျင်းမှုန့်ကိုလည်းအသုံးပြုလို့ရပါတယ်။

Leave a Comment





This site uses Akismet to reduce spam. Learn how your comment data is processed.

Scroll To Top