Skip to content

ဖျူရာဒန်ပိုးသက်ဆေးအလွန်အကျွံအသုံးပြုထားတဲ့ သီးနှံတွေကိုစားမိရင်

ဖျူရာဒန်(Furadan) ကို တောင်သူတို့က မြေအောင်းပိုးသတ်ဆေးအဖြစ်သိရှိနားလည် သုံးစွဲခဲ့ကြသည်။

Furadan သည် မြေတွင်းပိုးများသာမက မြေပေါ်ရှိ အင်းဆက်ပိုးမွှားများကို သေစေနိုင်သည့်အပြင် Furadan ကိုအသုံးပြု၍ စိုက်ပျိုးသော သီးနှံများတွင်
ဓာတုဓါတ်ကြွင်းကျန်ရှိ၍ ထိုသီးနှံကိုစားသုံးသူများ ကင်ဆာဖြစ်စေနိုင်သည်အထိ အန္တရာယ်များသော အဆိပ်ပြင်းသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါသည်။

နိုင်ငံတကာတွင် Furadan ကိုပုံစံမျိုးစုံဖြင့်အသုံးပြုကြသည်။ မစိုက်ပျိုးခင် မြေအောင်းပိုးများကိုရှင်းလင်းရန်အသုံးပြုခြင်း၊ စိုက်ပျိုးနေစဥ်ပိုးမွှားအန္တရာယ်ကင်းရှင်းရန်ပက်ဖြန်းအသုံးပြုခြင်း၊ လေယာဥ်ပေါ်မှ ပက်ဖြန်းခြင်းစသဖြင့် အသုံးပြုကြသည်။ ထိုသို့အသုံးပြုခြင်းကြောင့် ငှက်များစွာသေဆုံးခြင်း၊ ဆေးဖြန်းသောစိုက်ခင်းထဲသို့ ဝင်သောတောင်သူများရှုရှိုက်မိ၍ မူးမေ့၊ အော့အန်၊ ဆေးရုံတက်ရခြင်း၊ လက်အိတ်မဝတ်ဘဲ တိုက်ရိုက်ထိတွေ့မိသောတောင်သူများသည် လက်များနီရဲလာ၍ အသက်ရှုကြပ်ကာ အရေးပေါ်ဆေးရုံတင်ရခြင်း စသဖြင့် အသက်အန္တရာယ်နှင့် အလွန်နီးကပ်စွာ ကြုံတွေ့ရသည်။

ထိုသူများ နောက်ဆက်တွဲ ဖြစ်နိုင်သည့် ရောဂါမှာ ကင်ဆာရောဂါဖြစ်သည်။ ထိုသို့တိုက်ရိုက်ထိတွေ့သူများအတွက် အန္တရာယ်အလွန်ပြင်းထန်သော ပိုးသတ်ဆေး
၏ ဓာတ်ကြွင်းအန္တရာယ်ကို သိရှိနိုင်ရန် ထိုင်းနိုင်ငံရှိ ဆေးသိပ္ပံသုတေသနဓာတ်ခွဲခန်းတွင် စမ်းသပ်ကြည့်ခဲ့ပါသည်။

ထိုပိုးသတ်ဆေးကို အသုံးပြု၍ စိုက်ပျိုးထားသော၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပဲတောင့်ရှည်၊ မုန်ညင်းထုတ်၊ ကန်စွန်းရွက်၊ နံနံပင် နှင့် ငရုတ်သီး တို့ကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ခဲ့ရာ ကျန်ရှိနေသော ဓာတုဓာတ်ကြွင်းများသည် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုဓာတ်ကြွင်းများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့်ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ထိုင်းအစိုးရတို့ပူးပေါင်း၍ တားမြစ်ပိုးသတ်ဆေးအနေဖြင့် ၂၀၁၂ခု နှစ်က ဖျူရာဒန်ကို အသုံးမပြုရန် ဥပဒေဖြင့် တားမြစ်ခဲ့သည်။ ဖျူရာဒန်အသုံးပြု၍ စိုက်ပျိုးထားသော သီးနှံများကို စူပါမားကတ်များနှင့် စျေးများတွင်ရောင်းချခွင့်မပြုရန် ပိတ်ပင်ခဲ့သည်။

သို့သော်မြန်မာနိုင်ငံတွင် ဖျူရာဒန်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲဖြစ်ပါသည်။ စိုက်ပျိုးရေး သမား
များနည်းမျိုးစုံအသုံးပြုသလို ယခုအခါမှိုစိုက်မျိုးထုတ်လုပ်သူများသည် လည်းအသုံးပြုလာကြသည်။

မှိုစိုက်ပျိုးထုတ်လုပ်သူများသည် မြေဘောင်စနစ်ဖြင့် စိုက်ပျိုးရာတွင် မြေအောင်းပိုးကာကွယ်ရန်အတွက်၄င်း၊သစ်ဝါးတို့ဖြင့်ပြုလုပ်သောခြံတွင် ခြ၊ပုရွက်ဆိတ်ပိုးမွှားများ အန္တရာယ်မှကာကွယ်ရန်အတွက်၄င်းအသုံးပြုကြသည်။ ထို့အပြင် မှိုစိုက်ခင်း၏ စိုစွတ်မှုသည်
ဖျူရာဒန်ဆေးအကျိုးသက်ရောက်မှုပိုများစေပါသည်။
မှိုသည် ပုပ်ဆွေးစားပင်ဖြစ်သောကြောင့် အသက်ရှင်
ရန်အာဟာရအတွက်စားသုံးရာတွင် ပျော်ဝင်နေသော
ပိုးသတ်ဆေးရည်ကိုလဲ စုတ်ယူနိုင်သည်။
ထို့ကြောင့် ဖျူရာဒန်အသုံးပြုထားသော မှိုစိုက်ခင်းမှမှို
ကို စားသုံးသော စားသုံးသူများသည် အလွန်အန္တရာယ်များလှပါသည်။

#Three_Stars မှထုတ်လုပ်ထားသောစားသောက်ကုန်များမှာ ဖျူရာဒန်ပိုးသက်ဆေးလုံး၀မသုံးစွဲကြောင်းအာမခံပါသည်။
အော်ဂဲနစ်စိုက်ပျိုးနည်းများ၊ သဘာ၀အတိုင်းစိုက်ပျိုးနည်းများဖြင့် စားသုံးသူများ၏ကျန်မာရေးကိုအလေးပေးပြီး ထုတ်လုပ်ရောင်းချပါသည်။

✨ကြယ်သုံးပွင့်
🏩လိပ်စာအမှတ် (၃၅၅) ၈၂ လမ်း ၊ ၂၉*၃၀ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့
☎️၀၉ ၄၀၀၁၆၂၂၈၈
☎️၀၉၄၀၀၁၆၂၂၉၉ သို့ဆက်သွယ်ပြီး ကိုယ်စားလှယ်ယူနိုင်ပါတယ်။

#Three_Stars
#Organic_Products
#Spicy

#Credit – Consumer Association Myanmar
https://www.facebook.com/consumerassociationmyanmar/posts/1603525039789474?__xts__%5B0%5D=68.ARDPP1cXI4o-p3AholWxhs3H0Os5q0dm4kEbmaWEiTpSjPUTlqdqzQ1yf2J6Ci0KSDhaC5pg4jx55p9_nB7PDt0nPClFmbid_BPSysS1ANqdM1HvaDggL6Kjvt1meHCfPBOfAYJNvsal6n6Bx2YZD9LgXiGhfFsnfEBj3l-W_AqRfqo_PB3Y7LgYLKSTqvTH-hk5khNFl5SoRV_tyZAvekY11J7Gfqv65KbJXm8jczFV44n4sVRz7tSr10FIa3EuS4Uy9s496T5cORs3jI5Y3Sv-6Qlt7T9tWv_5N803Paa6HUcIKAGSYbvMiJoleFju69KWmV1DuLwvdzDv-dn5cnQ6tkvV&__tn__=K-R

Leave a Comment





This site uses Akismet to reduce spam. Learn how your comment data is processed.

Scroll To Top