Skip to content

ဖျူရာဒန်ပိုးသက်ဆေးအလွန်အကျွံအသုံးပြုထားတဲ့ သီးနှံတွေကိုစားမိရင်

ဖျူရာဒန်(Furadan) ကို တောင်သူတို့က မြေအောင်းပိုးသတ်ဆေးအဖြစ်သိရှိနားလည် သုံးစွဲခဲ့ကြသည်။ Furadan သည် မြေတွင်းပိုးများသာမက မြေပေါ်ရှိ အင်းဆက်ပိုးမွှားများကို သေစေနိုင်သည့်အပြင် Furadan ကိုအသုံးပြု၍ စိုက်ပျိုးသော သီးနှံများတွင်ဓာတုဓါတ်ကြွင်းကျန်ရှိ၍ ထိုသီးနှံကိုစားသုံးသူများ ကင်ဆာဖြစ်စေနိုင်သည်အထိ အန္တရာယ်များသော အဆိပ်ပြင်းသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါသည်။ နိုင်ငံတကာတွင် Furadan ကိုပုံစံမျိုးစုံဖြင့်အသုံးပြုကြသည်။ မစိုက်ပျိုးခင် မြေအောင်းပိုးများကိုရှင်းလင်းရန်အသုံးပြုခြင်း၊ စိုက်ပျိုးနေစဥ်ပိုးမွှားအန္တရာယ်ကင်းရှင်းရန်ပက်ဖြန်းအသုံးပြုခြင်း၊ လေယာဥ်ပေါ်မှ ပက်ဖြန်းခြင်းစသဖြင့် အသုံးပြုကြသည်။ ထိုသို့အသုံးပြုခြင်းကြောင့် ငှက်များစွာသေဆုံးခြင်း၊ ဆေးဖြန်းသောစိုက်ခင်းထဲသို့ ဝင်သောတောင်သူများရှုရှိုက်မိ၍ မူးမေ့၊ အော့အန်၊ ဆေးရုံတက်ရခြင်း၊ လက်အိတ်မဝတ်ဘဲ တိုက်ရိုက်ထိတွေ့မိသောတောင်သူများသည် လက်များနီရဲလာ၍ အသက်ရှုကြပ်ကာ အရေးပေါ်ဆေးရုံတင်ရခြင်း စသဖြင့် အသက်အန္တရာယ်နှင့် အလွန်နီးကပ်စွာ ကြုံတွေ့ရသည်။ ထိုသူများ နောက်ဆက်တွဲ ဖြစ်နိုင်သည့် ရောဂါမှာ ကင်ဆာရောဂါဖြစ်သည်။ ထိုသို့တိုက်ရိုက်ထိတွေ့သူများအတွက် အန္တရာယ်အလွန်ပြင်းထန်သော ပိုးသတ်ဆေး၏ ဓာတ်ကြွင်းအန္တရာယ်ကို သိရှိနိုင်ရန်…

Read More
Scroll To Top