Skip to content

*** ငရုတ်သီးက ပေးနိုင်တဲ့ ကောင်းကျိုးတွေ ***

*** ငရုတ်သီးက ပေးနိုင်တဲ့ ကောင်းကျိုးတွေ *** ငရုတ်သီးတွေအများကြီးစားရင် ဘယ်လိုဆိုးကျိုးတွေ ရတတ်တယ်ဆိုတာ လူသိများပေမယ့် ငရုတ်သီးစားခြင်းအားဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေကိုတော့ သိပ်ပြီးသတိမထားမိတတ်ကြပါဘူး။ အဲဒီတော့ ငရုတ်သီးစားတဲ့သူတွေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြချင်ပါတယ်။ ပုံတစ်ပုံချင်းစီ ထောက်ကြည့်ကြပါနော်… Three Stars (ငရုပ်၊ သီးနှံခြောက်နှင့် အမှုန့်အမျိုးမျိုး) *** Netherlands နိုင်ငံအသိအမှတ်ပြု ISO 22000, GMP, HACCP, EU & USDA Organic Certificate လက်မှတ်ရ စားသောက်ကုန်အမှတ်တံဆိပ် *** #ThreeStars #ChilliPowder #TumericPowder #Certified #OrganicProducts #HACCP #GMP #ISO22000 #ProductOfMyanmar Ref: http://www.whfoods.com/genpage.php?tname=foodspice&dbid=29 https://www.healthline.com/nutrition/foods/chili-peppers…

Read More

အထက်မြန်မာပြည် စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ ရွေးချယ်ပေးအပ်သော ပထမဆု 🥇ကို ရရှိခဲ့ပါသည်။

🇲🇲ပြည်တွင်းမှ ထုတ်ကုန်များကိုသာ အသုံးပြုထားခြင်း။ 🇲🇲မြန်မာနိုင်ငံသား လုပ်ငန်းရှင်ဖြစ်ခြင်း။ 📰အစားအသောက်ဘေးအန္တရယ် ကင်းရှင်းကြောင်း အထောက်အထားများခိုင်လုံစွာ ရှိခြင်း။ 🌏နိုင်ငံတကာအဆင့်မီ Certificate များဖြင့် export လုပ်နိုင်ခြင်း။ 💯ထုတ်လုပ်မှု ထုပ်ပိုးမှုများသည်လည်း ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ခြင်း။ ♻️သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိခြင်း။ 🏤စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားခြင်း။ စသည် စသည် အချက်များကြောင့် ပထမဆု 🥇🥇🥇ကို ထိုက်တန်စွာဖြင့် ရရှိခဲ့ပါသည်။ အကဲဖြတ် အမှတ်ပေးခဲ့ကြသော လူကြီးမင်းများ နိုင်ငံတော်အဆင့် တာဝန်ရှိ လူကြီးမင်းများ စားသုံးသူများနှငိ့တကွ ကျေးဇူးတင်ထိုက်သူများကို #ThreeStars မှ ကျေးဇူးတင်ရှိပါသည်။

Read More

စားသောက်ကုန်ပ္စည်းတွေနဲ့ဆိုးဆေးအန္တရာယ်

*** စားသောက်ကုန်ပစ္စည်းတွေနဲ့ ဆိုးဆေးအန္တရာယ် *** ** စားသောက်ကုန်ပစ္စည်းတွေမှာ ဆိုးဆေးတွေကို ဘာလို့သုံးကြတာလဲ ** တချို့စားသောက်ကုန်ပစ္စည်းတွေဟာ သဘာဝအတိုင်းဆိုရင် အရောင်အဆင်းသိပ်လှလေ့ မရှိပါဘူး။ အဲဒီတော့ စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ ကိုယ့်ကုန်ပစ္စည်းကို အရောင်အဆင်းလှလှပပဖြစ်ပြီး စားသုံးသူတွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိစေဖို့ အစားအစာတွေမှာ ဆိုးဆေးတွေကို ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ အစားအစာတွေမှာ ဆိုးဆေးတွေအသုံးပြုတာကလည်း ခုခေတ်မှ မဟုတ်ပါဘူး။ BC ၂၅၀၀ လောက်ကတည်းက တရုတ်ပြည်မှာ၊ BC ၁၅၀၀ လောက်ကတည်းက အီဂျစ်ပြည်မှာ သဘာဝဆိုးဆေးတွေကို အစားအစာတွေမှာ ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။ လူတွေဖန်တီးထားတဲ့ ဆိုးဆေးတွေကိုတော့ ၁၉ ရာစုအစောပိုင်းလောက်ကမှ စပြီးတီထွင်အသုံးပြုခဲ့ကြတာပါ။ ** စားသောက်ကုန်တွေမှာ ဆိုးဆေးတွေကို တရားဝင်ထည့်သုံးခွင့် ရှိတာလား ** အစားအသောက်ဆိုးဆေး (Food dyes) လို့ ပြောရင်…

Read More

Company Background

ဒေါက်တာပြည့်ဖြိုးအေး Managing Director Snacks Mandalay Co., Ltd ~~~~~~~~~~~~~~~~ ပညာရေးနဲ့ မိဘလုပ်ငန်းအကြောင်းအကျဉ်း ———— ကျွန်တော်က ဆရာဝန်ဘွဲ့ကို ၂၀၁၁ ခုနှစ်မှာ ရခဲ့တယ်။ ကျောင်းပြီးတဲ့အချိန်မှာ သူငယ်ချင်းတွေအားလုံးက ဆေးပညာကို ဆက်လိုက်ခဲ့တယ်။ ကျွန်တော်က မိသားစုလုပ်ငန်းကိုလွှဲပြောင်းပြီး တာဝန်ယူရဖို့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဖြစ်လာတဲ့အချိန်မှာ မိသားစုလုပ်ငန်းက ကောက်ပဲသီးနှံတွေဖြစ်တဲ့ ပဲတွေ၊ နှမ်းတွေကို တရုတ်ပြည်နဲ့ ရန်ကုန်ကို Export လုပ်ပေးရတဲ့ လုပ်ငန်းပါ။ ငရုတ်သီးကို ပြည်ပတင်ပို့တဲ့ လုပ်ငန်းစတင်ဖြစ်ပုံ ————- ကျွန်တော်တို့နဲ့ အဖေတို့ ရည်ရွယ်ထားတဲ့အရာတစ်ခုက တန်ဖိုးမြှင့်ထုတ်ကုန်တွေ Value-added Products တွေကို ကျွန်တော်တို့က ထုတ်ချင်တာ။ အခက်အခဲရှိတာက နည်းပညာဘယ်ကရမလဲမသိဘူး။ မသိတဲ့အခါ ကျွန်တော်က ဆရာဝန်ဆက်မလုပ်ဘဲနဲ့ ဒီနည်းပညာဘယ်ကရမလဲဆိုတာ ကျွန်တော်လိုက်ရှာတယ်။ လိုက်ရှာတော့…

Read More
Scroll To Top