Skip to content

Why Organic?

Orgranic အစားအစာများကို ဘာကြောင့် ၀ယ်ယူအသုံးပြု့သင့်သလဲ ???🌶🌶

Orgranic အစားအစာဆိုတာက အော်ဂဲနစ်စိုက်ပျိုးရေး၏ စံချိန်စံညွှန်းနှင့် ကိုက်ညီစွာ ထုတ်လုပ် ထားသော အစားအစာများပဲ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူရာတွင် လူအများစုက Orgranicအစားအစာများကို စားသုံးခြင်းဟာ Non-orgranic အစားအသောက်များထက် အဟာရတန်ဖိုး ပိုမိုရရှိစေတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။ Orgranicအစားအစာများ အဖြစ် ဈေးကွက်တွင် ဖြန့်ချိရန် Organic ဖြစ်ကြောင်း အထူးအသိအမှတ်ပြု လက်မှတ် ရရှိရန် လိုအပ်ပါသေးတယ်(ဥပမာ USDA)။

Orgranic Vs Non-Orgranic
Orgranicနှင့် non-orgranic အဓိက ကွာခြားချက်ကတော့ ဓာတုဆိုးဆေးများ ပါဝင်မှု ကျန်းမာရေးအတွက် မစားသုံးသင့်သော ဒြပ်ကြွင်းများ ပါဝင်မှုရှိ မရှိပဲ ဖြစ်ပါတယ်။ Organic အစားအစာဆိုတာ ပြုပြင်ဖန်တီးထားတဲ့အစားအစာတွေမှာပါဝင်နိုင်တဲ့ ဆိုးဆေးတွေ၊ တာရှည်ခံဆေးတွေနဲ့ အဆိပ်သင့်ဓါတုပစ္စည်းတွေ ကင်းစင်ပြီး၊ အဲဒီဓါတ်ပစ္စည်းတွေကြောင့် ကျန်းမာရေးကို ဒုက္ခပေးနေတဲ့ အစာအိမ်ရောဂါ၊ ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ချေကိုလဲ ကာကွယ်ပေးပါတယ်။

Organic စိုက်ခင်းကို တဖန် ပြန်ကြည့်လိုက်ပါဦး သီးနှံစတင် စိုက်ပျိုးတဲ့အချိန်မှာ ဓါတ်မြေသြဇာ၊ဓာတုပိုးသတ်ဆေး ပေါင်းသတ်ဆေး မှိုသတ်ဆေး ဟော်မုန်းဆေးများ လုံးဝ သုံးစွဲလို့ မရပါဘူး သဘာဝနေရောင်ခြည်ကိုသာ သုံးစွဲခွင့်ရပြီး တခြားသော ဓာတ်ရောင်ခြည်များ ဖြတ်သန်းခွင့် မရှိရပါဘူး စိုက်ပျိုးရိတ်သိမ်းပြီးသည့်အချိန်တွင်လည်း မြေဆီလွှာမှာ ဓာတ်အကြွင်းအကျန် ကျန်ရှိခဲ့ခြင်း မရှိရသည့်အပြင် နောက်ဆုံး စားသုံးမယ့် ထုပ်ကုန်အထိပါ ဓါတုဒြပ်ကြွင်း မရှိကြောင်း စစ်ဆေးထားရပါတယ်။

ကဲ ဒီအချက်အလက်တွေ ဖတ်ရှုခြင်းအားဖြင့် သင့်အနေဖြင့် Orgranic အစားအစာတွေ ၀ယ်ယူခြင်း အပေါ်ဘယ်တော့မှ နောင်တမရနိုင်တော့ပါဘူး။

Protect your body from chemical !!!!!

Leave a Comment





This site uses Akismet to reduce spam. Learn how your comment data is processed.

Scroll To Top