Skip to content

မှိုတက်ငြုပ်သီးနှင့် ဆိုးကျိုးများ

မှိုတတ်ပြီးဆိုးဆေးပါဝင်တဲ့ ငရုတ်သီးမှုန့်တွေစားမိတဲ့အခါဖြစ်လာမဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့ 🥺အစာအိမ်ရောင်ရမ်းခြင်း 🥺သွေးအန်ခြင်း တို့အစပျိုးဖြစ်ပေါ်လာမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ 🥺အသည်းကိုပါ ဆိုးရွားစွာထိခိုက်စေနိုင်ရုံသာမက သွေးအန်မှုတွေပါဖြစ်ပေါ်စေနိုင်ပါတယ် 🤷‍♀️ဒါ့အပြင် ငရုတ်သီးမှုန့်မှာ ပါဝင်တဲ့ အယ်ဖာတောက်ဆင် ( မှိုအဆိပ်) က အသည်းကို ဆိုးရွားစွာထိခိုက်စေပြီး အသည်းထဲမှာ အရွက်တည်ခြင်း နှင့် အသည်းကြွပ် ၊ အသည်းခြောက်ခြင်း တွေ ဖြစ်ပေါ်စေတတ်တာမလို့ အရမ်းကိုကြောက်စရာကောင်းလွန်းလှပါတယ်ရှင့် 😍စာဖတ်ပရိသတ်တို့ရော စာဖတ်ရင်းကြောချမ်းသွားပြီးလား အဲ့တော့ ဒီစာလေးကိုဖတ်ပြီးနောက်ပိုင်း မှိုတတ်ပြီး အရောင်အရမ်းတောက်နေတဲ့ ငရုတ်သီးမှုန့်တွေကိုနောက်မစားတော့ပဲ ကြယ်သုံးပွင့်ကထုတ် မှိုနံ့လုံးဝမပါတဲ့ ငရုတ်သီးထုတ်တွေကိုပဲဝယ်ယူအားပေးကြတော့နော် 👍ဒီ့ပို့(စ်) လေးကို တခြား Chillies လေးတွေလည်းသိရအောင် လိုက်(ခ်) နှင့် ရှဲလေးလုပ်ပြီးမျှဝေပေးဖို့မမေ့နဲ့ဦးနော် #Threestarsmyanmar #Organic_products #product_of_Myanmar #chili #Aflatoxin #spicy #shopping #cooking #receipe

Read More

စားသောက်ကုန်ပ္စည်းတွေနဲ့ဆိုးဆေးအန္တရာယ်

*** စားသောက်ကုန်ပစ္စည်းတွေနဲ့ ဆိုးဆေးအန္တရာယ် *** ** စားသောက်ကုန်ပစ္စည်းတွေမှာ ဆိုးဆေးတွေကို ဘာလို့သုံးကြတာလဲ ** တချို့စားသောက်ကုန်ပစ္စည်းတွေဟာ သဘာဝအတိုင်းဆိုရင် အရောင်အဆင်းသိပ်လှလေ့ မရှိပါဘူး။ အဲဒီတော့ စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ ကိုယ့်ကုန်ပစ္စည်းကို အရောင်အဆင်းလှလှပပဖြစ်ပြီး စားသုံးသူတွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိစေဖို့ အစားအစာတွေမှာ ဆိုးဆေးတွေကို ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ အစားအစာတွေမှာ ဆိုးဆေးတွေအသုံးပြုတာကလည်း ခုခေတ်မှ မဟုတ်ပါဘူး။ BC ၂၅၀၀ လောက်ကတည်းက တရုတ်ပြည်မှာ၊ BC ၁၅၀၀ လောက်ကတည်းက အီဂျစ်ပြည်မှာ သဘာဝဆိုးဆေးတွေကို အစားအစာတွေမှာ ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။ လူတွေဖန်တီးထားတဲ့ ဆိုးဆေးတွေကိုတော့ ၁၉ ရာစုအစောပိုင်းလောက်ကမှ စပြီးတီထွင်အသုံးပြုခဲ့ကြတာပါ။ ** စားသောက်ကုန်တွေမှာ ဆိုးဆေးတွေကို တရားဝင်ထည့်သုံးခွင့် ရှိတာလား ** အစားအသောက်ဆိုးဆေး (Food dyes) လို့ ပြောရင်…

Read More

Company Background

ဒေါက်တာပြည့်ဖြိုးအေး Managing Director Snacks Mandalay Co., Ltd ~~~~~~~~~~~~~~~~ ပညာရေးနဲ့ မိဘလုပ်ငန်းအကြောင်းအကျဉ်း ———— ကျွန်တော်က ဆရာဝန်ဘွဲ့ကို ၂၀၁၁ ခုနှစ်မှာ ရခဲ့တယ်။ ကျောင်းပြီးတဲ့အချိန်မှာ သူငယ်ချင်းတွေအားလုံးက ဆေးပညာကို ဆက်လိုက်ခဲ့တယ်။ ကျွန်တော်က မိသားစုလုပ်ငန်းကိုလွှဲပြောင်းပြီး တာဝန်ယူရဖို့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဖြစ်လာတဲ့အချိန်မှာ မိသားစုလုပ်ငန်းက ကောက်ပဲသီးနှံတွေဖြစ်တဲ့ ပဲတွေ၊ နှမ်းတွေကို တရုတ်ပြည်နဲ့ ရန်ကုန်ကို Export လုပ်ပေးရတဲ့ လုပ်ငန်းပါ။ ငရုတ်သီးကို ပြည်ပတင်ပို့တဲ့ လုပ်ငန်းစတင်ဖြစ်ပုံ ————- ကျွန်တော်တို့နဲ့ အဖေတို့ ရည်ရွယ်ထားတဲ့အရာတစ်ခုက တန်ဖိုးမြှင့်ထုတ်ကုန်တွေ Value-added Products တွေကို ကျွန်တော်တို့က ထုတ်ချင်တာ။ အခက်အခဲရှိတာက နည်းပညာဘယ်ကရမလဲမသိဘူး။ မသိတဲ့အခါ ကျွန်တော်က ဆရာဝန်ဆက်မလုပ်ဘဲနဲ့ ဒီနည်းပညာဘယ်ကရမလဲဆိုတာ ကျွန်တော်လိုက်ရှာတယ်။ လိုက်ရှာတော့…

Read More
Scroll To Top