Skip to content

🌶ငြုပ်သီးမှုန့်တော်တော်များများမှာ မှိုတွေ၊ ဆိုးဆေးတွေပါလို့ မစားရဲ ဖြစ်နေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခု ယူလာပါပြီ!!!

🌶ငြုပ်သီးမှုန့်တော်တော်များများမှာ မှိုတွေ၊ ဆိုးဆေးတွေပါလို့ မစားရဲ ဖြစ်နေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခု ယူလာပါပြီ!!!🤗

ငြုပ်သီးမှုန့်တွေဆိုတာက မြန်မာဟင်းတော်တော်များများ ချက်ရာမှာ မပါမဖြစ်အရာတစ်ခု! ဒါပေမဲ့ ငြုပ်သီးမှုန့်တွေကို စိုက်တဲ့အခါ နဲ့ ထုတ်လုပ်တဲ့အခါတွေမှာ သန့်ရှင်းမှုမရှိရင် မှိုဆိပ်ပါတတ်တာတွေ၊ အရောင်လှအောင် ဆိုးဆေးတွေ တစ်အားထည့်ပြီး ထုတ်လုပ်ကြတာတွေများလာတော့ တော်တော်များများက မစားရဲသလောက်ပါပဲ။ အဲ့ထဲမှာ နန္ဒာလည်းပါပါတယ်။ ပါဆို…ဟိုးးအရင်တစ်ခေါက်က ကိုယ်ဝယ်လာတဲ့ ငြုပ်သီးအခြောက်တောင့်တွေထဲမှာ မှိုတွေပါလာတာကို မျက်မြင်ကိုယ်တွေ့ခံစားလိုက်ရတာကိုး..အဲ့တည်းက ငြုပ်သီးမှုန့်တွေကို မသုံးမဖြစ်အနေအထားမှာပဲ ပါတယ်ဆိုရုံသုံးဖြစ်လာတာ ဒီ ငြုပ်သီးမှုန့် Brand ကို မတွေ့ခင်ထိပါပဲ။

💁🏻‍♀️သူ့ကတော့ သူထုတ်လုပ်တဲ့ ငြုပ်သီးမှုန့်တွေထဲမှာ Aflatoxin ဆိုတဲ့ အန္တရာယ်ရှိ မှိုဆိပ် နဲ့ ဆိုးဆေး လုံးဝမပါဝင်ကြောင်း အာမခံနဲ့ ရောင်းနေတဲ့ “Three Stars(ကြယ်သုံးပွင့်)” ဆိုတဲ့ Brand လေးပါ။ သူ့ကို ဘယ်မှာစသိလဲဆို နန္ဒာဈေးထဲက ၀ယ်လာတဲ့ ငြုပ်သီးတောင့်တွေထဲမှာ မှိုတွေ ဘယ်လိုပါနေကြောင်းတင်ထားတဲ့ Post အောက်မှာ ညီမလေးတစ်ယောက်က “အစ်မရေ…မှိုကြောက်ရင် အဲ့ Brand လေးကို သုံးကြည့်…ညီမ အဲ့ Brand က ငရုတ်ခြံထဲလည်း သွားလေ့လာပြီးပြီ ၊ သူ့ငရုတ်ခြောက် စက်ရုံကော တော်တော်သန့်တာ” ဆိုပြီး Comment ၀င်လာပေးတာ။ အဲ့မွာ စၿပီၤးသတိထားမိတာပဲ။

🧐ဒါနဲ့ သူ့ Page ကိုသွားတယ်…မွှေနှောက်လေ့လာကြည့်တော့ Netherlands နိုင်ငံအသိအမှတ်ပြု ISO 22000, GMP, HACCP, EU & USDA Organic Certificate လက်မှတ်တောင်ရထားတဲ့ စားသောက်ကုန်အမှတ်တံဆိပ်တစ်ခုပါ ဖြစ်နေတော့ အံ့လည်းသြသွားတယ်။ ပြီးတော့ “မင်္ဂလာပါ” စတဲ့ နာမည်ကြီး မြန်မာထမင်းဆိုင်တွေက အစ သူ့ငြုပ်သီးမှုန့် နဲ့ နနွင်းမှုန့်တွေကို သုံးနေကြတာ သိခဲ့ရပါတယ်။

☘️ကံစပ်ချင်တော့ မကြာသေးခင်ကမှ Three Stars ကနေ နန္ဒာကို လာဆက်သွယ်ပြီး သူတို့ Products လေးတွေ စမ်းသုံးကြည့်ပြီး အဆင်ပြေမပြေကို Honest Review လေးသူတို့ကိုပြောပေးပါလို့ လာ တောင်းဆိုလေရဲ့။ ဒါနဲ့ ဟင်းချက်ရင်း စမ်းစမ်းသုံးကြည့်ဖြစ်တော့ အဆင်ပြေတာနဲ့ အားလုံးလည်း သိသွားအောင် ဒီ Review လေးကို တစ်ခါတည်း ရေးတင်ပေးလိုက်တာပါ။ ဒီ Review က အပေါ်ယံမဟုတ်ပဲ တကယ်ကို သုံးကြည့်ပြီးမှ နန္ဒာ့ထင်မြင်ချက်တွေပါ ရေးထားလို့ မှိုမပါ ၊ ဆိုးဆေး လုံးဝမပါတဲ့ ငြုပ်သီးမှုန့် နဲ့ နနွင်းမှုန့်တွေကို ရှာနေတဲ့ အိမ်ရှင်မတွေအတွက် အရမ်းကို အဆင်ပြေသွားမယ်လို့ ထင်ပါတယ်✌🏼

🌶တစ်ပုံချင်းစီမှာ Three Stars (ကြယ်သုံးပွင့်) ရဲ့ ငြုပ်သီးမှုန့် တစ်မျိုးစီ နဲ့ နနွင်းမှုန့်တွေ အကြောင်းကို ရေးထားပေးလို့ လေ့လာနိုင်ပါတယ်နော် 😉

#NandarsKitchenReview #Non_Aflatoxin #Organic #ThreeStars_ChilliPowder

Leave a Comment





This site uses Akismet to reduce spam. Learn how your comment data is processed.

Scroll To Top