Skip to content

စားသောက်ကုန် ဘေးအန္တရယ်ကင်းရှင်းရေး မူဝါဒ

ကျွန်ုပ်တို့ ကြယ်သုံးပွင့်စက်ရုံမှ စားသောက်ကုန် ဘေးအန္တရယ်ကင်းရှင်းရေး ဥပဒေသများ လိုအပ်ချက်များဖြစ်သော ISO9001, GMP, HACCP နှင့် FSSC22000 စံချိန်စံညွှန်းများနှင့်အညီအရည်အသွေးပြည့်ဝသော၊ သန့်ရှင်းစင်ကြယ်စွာ ဘေးအန္တရယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သော ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်လုပ်ထုတ်ပိုးပါမည်ဟု ကတိပြုပါသည်။

ဤကတိကို စက်ရုံ၏ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်စဉ် လုပ်ငန်းတစ်လျှောက် ရှင်းလင်းပြတ်သားပြီး တိုင်းတာ၍ရသော စားသောက်ကုန် ဘေးအန္တရယ်ကင်းရှင်းသော စီမံခန့်ခွဲမှု စနစ်အား အကောင်အထည်ဖော်ခြင်းအားဖြင့် ပြသပါမည်။ ထို့အပြင် ကျွန်ုပ်တို့၏ ထုတ်လုပ်မှု လုပ်ငန်းစဉ် စီမံခန့်ခွဲမှုကိုလည်း စဉ်ဆက်မပြတ်တိုးမြှင့်ပြီး အရည်အသွေးပိုင်းဆိုင်ရာ အစဉ် ကောင်းမွန်သေချာအောင် ကြိုးစားပါမည်။

ဤမူဝါဒကို စက်ရုံ၏ လုပ်ငန်းစဉ် အဆင့်တိုင်းတွင် ကျင့်သုံးမည်ဖြစ်ပြီး အချိန်မှန်မှန် ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် စားသုံးသူ ကျေနပ်မှုရရှိစေမှာဖြစ်ပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အားလည်း ရေရှည်ထိန်းထားနိုင်မှာ ဖြစ်ပါသည်။

11 July 2017

U Pyae Phyo Aye(M.D)

Leave a Comment





This site uses Akismet to reduce spam. Learn how your comment data is processed.

Scroll To Top